ရို ချောင်ကော်

(1878 - 1926)

ရို ချောင်ကော် (Yeo Cheow Kaw) သည် တရုပ်ပြည် Xiamen မြို့ရဲ့ Xiayang (Ayeo, AyeYeo) ရဲ့ ဇာတိ ဖြစ်ပါသည် ။

အသက် ၁၄ နှစ် အရွယ် မှာ ဖခင်ဖြစ်သူ Yeo Poon Miah နှင့် ဒာတူ စီးပွါး ရေး ကို မြစ်ကမ်း တလျောာက် စင်္ကာပူ ၊ ပီနန် ၊ ရန်ကုန် မြို့နှင့် တခြားမြို့များ တွေ မှာ အတူ လုပ်ကိုင် ခဲ့ ပါသည် ။

၁၈၉၈ခုနှစ်မှာ စင်္ကာပူ မြို့ တွင် Yeo Chip Mo & Co (ရို ချစ်မို နဲ့ ကုမ္ပဏီ) နံမည် ဖြင့် စတင် ၍ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင် ခဲ့ ပါသည် ။

(Xiamen) ရှမန် နဲ့ ရန်ကုန်မြို့တို့မှာလဲ ကုမ္ပဏီ များ တည်ထောင် ပြီး စတင် လုပ်ကိုင်ခဲ့ ပါသည် ။

၁၉၀၄ ခုနှစ် (Xiayang) ရှရန်မြို့ တွင် (Anglo-Chinese School) အင်္ဂလိပ်နှင့် တရုတ်ကျောင်း ကို တည်ထောင် ခဲ့ပြီး အင်္ဂလိပ်ဘာသာနှင့် အသက်မွေးမှု ဆိုင်ရာပုလိပ် ကင်းထောက် သင်တန်း များကိုသင်ကြား စေခဲ့သည် ။ ထူးချွန်ကျောင်းသား ကျောင်းသူများကို လဲတခြားနိုင်ငံ များသို့ ပို့ပြီး သင်ကြားစေ ခဲ့ ပါသည် ။

၁၉၀၇ ခုနှစ် – ရန်ကုန် မြို့ လမ်းမတော် ရှိ တုန့်ဝှါမူလတန်းကျောင်း (Teong Hwa Elementary School) ကို ကိုယ် ပိုင် လွှဲအပ်ယူ လိုက် ပါသည် ။

၁၉၁၀ ခုနှစ် – မြန်မာ တရုပ် ကုန်သွယ်မှု အစည်းအရုံးတွင် ဉက္ဏဌ (chairman) တာဝန် ယူခဲ့ပါသည် ။

သူ သည် တရုပ် ဘာသာ ပညာရေး ကို များပြား စွာ တာဝန်ယူ ခဲ့ ၍ တရုပ်အထက် တန်း ကျောင်း တွင် အဖွဲ့ဝင် ဖြစ်ပြီး ကျော်‌စော ခဲ့ပါသည် ။
သူသည် ရန်ကုန်မြို့တွင် တရုပ် သတင်း စာတိုက် များကိုလဲ တည်ထောင် ခဲ့ပါသည်။
၁၉၁၂ ခုနှစ် – မြန်မာပြည် တွင် တရုတ်သမ္မတနိုင်ငံ ထူထောင် ရန် ရံပုံ‌ငွေ ရှာရန် စတင် ဆောင်ရွက် ခဲ့ပါသည် ။

၁၉၁၃ ခုနှစ် – ဒီဇင်ဘာလတွင် Yuan Shikai (နောင် တချိန် တွင် တရုပ်ပြည်သူ့ သမတ နိင်ငံ ၏ သမတ ဖြစ်မည့်သူ) ထံ မှ စက်မှု လက်မှုဆိုင်ရာ အတွင်းဝန်ဘွဲ့ ကို ဆု ချီးမြှင့်ခြင်း ရရှိ ခဲ့ပါသည် ။

သူသည် ဆန်၊ပိုး နှင့် တခြား နေ့စဥ် အသုံး အဆောင်များနှင့် ဆိုင်ရာ စီးပွါးမှုများ ကို စီးပွါးဖြစ် လုပ်ဆောင် ခဲ့ပါသည် ။ “ဆန် ဘုရင်” ဟုလဲ တချိန်ကကျော်စော ခဲ့ပါသည်။

၁၉၂၂ ခုနှစ် – ရန်ကုန်မြို့ တွင် Xiayang Yeo အဖွဲ့အစည်း အတွက် “စစ် တိတ်တောင်”(Sit Teik Tong) အဆောက်အဦး ကို မတည် ခဲ့ပါသည် ။


၁၉၂၄ ခုနှစ် – ရန်ကုန်မြို့ ရှိ တရုပ် အကြံပေး ဘုတ်အဖွဲ့ ၏ အဖွဲ့ဝင်တဦး ဖြစ် ခဲ့ပါသည် ။
၁၉၂၅ – “စစ် တိတ်တောင်”(Sit Teik Tong) အဆေက်အဦး ကို ဖွင့်လှစ် နိုင် ခဲ့ပါသည် ။ ဦးစီးနယက အဖြစ် ဦး ဆောင် ခဲ့ပါသည် ။ ယနေ့ ထက်တိုင် ရန်ကုန်မြို့ ၁၇လမ်း နှင့်ကမ်းနား လမ်းဒေါင့်တွင် တည်ရှိ ဆဲ ဖြစ်ပါသည် ။

၁၉၂၆ – ဧပြီ ၆ ရက် နေ့ အသက် ၄၈နှစ် အရွယ် တွင် ကွယ်လွန် ခဲ့ပါသည် ။

ကရေးသားခဲ့သည် ကြူကြူဝင်း

(Alice Yeo)

၂၀၂၀ စက်တင်ဘာ